အဲဒီလို သူ့ဘက်က မေးတွေကို လက်မခံချင်ဘူးဆိုရင် အရင်ဆုံးဂျီမေးထဲက create a filter ကိုကလစ်နှိပ်လိုက်ပါ။ ပုံမှာ မြှားပြထားပါတယ်....
အဲဒါပီးရင် create a filter ဆိုတဲ့ page ပွင့်လာပါလိမ့်မယ်။အဲဒီက From: မှာ ကိုဘလော့ချင်တဲ့သူရဲ့မေးလိပ်စာကို ရိုက်ထည့်ပါ။ပြီးရင် next step ကို ကလစ်နှိပ်ပါ။
ပြီးလျှင် Delete it ရှေက လေးထောင့်ကွက်မှာ အမှန်ခြစ်လုပ်ပါ။အဲဒါပြီးရင် create filter ကိုကလစ်နှိပ်ပါ။
ပြီးသွားရင် အောက်ကပုံလေးပေါ်လာပါလိမ့်မယ်။
အဲဒါဆိုရင်တော့ ပြီးသွားပါပြီ။ကိုယ်မေးထဲကို ကိုယ်ဘလော့လုပ်လိုက်တဲ့သူရဲ့မေးတွေဝင်မလာတော့ပါဘူး။
တကယ်လို့ ပြန်ပြီး unblock ပြန်လုပ်ချင်တယ်ဆိုရင်တော့ မြှားပြထားတဲ့နေရာမှာ delete ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ unblock ဖြစ်ပြီး မေးတွေပြန်ဝင်လာပါလိမ့်မယ်။